ညက တော်တော်နဲ့ အိပ်မပျော်ပေ။ မနက် ၂ နာရီ ထိုးသွားခဲ့၏။ ဟိုလှိမ့် ဒီလှိမ့်နဲ့ ၂ နာရီ ကျော်မှပဲ အိပ်ပျော်သွားခဲ့၏။ ပုံမှန်ဆိုရင်တော့ ည ၁၂ နာရီမကျော်ခင်မှာ အိပ်နေကြ။ ခုမှ ဘယ်လို ဖြစ်သည် မသိပေ။ အိပ်လို့က မပျော်ပါဘူးဆို မိုးက ရွာသေး၏။ နေ့လည်း ရွာ၊ ညလည်း ရွာ။ မိုးကုန်ခါနီးမှ ပိုတိုးပြီး ရွာနေတော့၏။ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်သည်ထင်။
ဒီရက်ပိုင်း မိုးက ခပ်စိပ်စိပ်လေး ပြန်ရွာလာ၏။ ရှေ့ရက်တွေက ပြောခဲ့ဖူးသည့်အတိုင်း တအိအိ မဟုတ်ဘဲ ဝုန်းဒိုင်းရွာပြီး ပြန်တိတ်သွားလို့ တော်သေးသည် ဆိုရမည်။ တဗြဲဗြဲနဲ့ မနားတမ်း တောက်လျောက် ငိုနေသည့် ကလေး မဟုတ်ဘဲ ငိုသင့်သလောက်ပဲ ငိုကာ အချိန်တခု ရောက်ရင် အငိုတိတ်သည့် ကလေးလိုပေါ့။ ခုလိုမျိုးလေးပဲ ရွာရင် အဆင်ပြေပါ၏။
ဒါပေမယ့် အဆင်မပြေတာလည်း ရှိသေး၏။ ကျောင်းဆင်းချိန်မှ ထရွာတာမျိုးပေါ့။ သီတင်းကျွတ် ကျောင်းပိတ်ပြီး ပြန်ဖွင့် ကတည်းက မိုးသည် ကျောင်းဆင်းချိန်ဆို ရွာပြီ။ တကယ်ကို အချိန်ကိုက်။ ၂ နာရီခွဲ၊ ၃ နာရီဝန်းကျင်လောက်ဆို ရွာပြီ။ ကလေးတွေ ကျောင်းဆင်းချိန်နဲ့ ကွက်တိ။ အဲ ကျောင်းဆင်းချိန် ပြီးရင်တော့ တိတ်။ အတော်ဆိုးဆိုးရယ်။
မနေ့ ရှေ့တနေ့ကဆို မိုးမိ၏။ မိုးကာ ဝတ်ထားပေမယ့် မိုးကာက ဝယ်ထားတာ ကြာပြီမို့ သိပ်မလုံတော့ပေ။ မိုးကြီးရင် အထဲထိ စိမ့်၏။ မနေ့ကတော့ ကျောင်းဆင်းချိန် မရွာပေ။ ညမှ ရွာ၏။ တော်သေးတာပေါ့။
အိပ်မပျော်တာနဲ့ မိုးရွာချိန်က ကွက်တိ ဖြစ်သွားတာ။ အမှန်တော့ အိပ်မပျော်တာက ညဦးပိုင်းလောက်က အိပ်ချင်လာလို့ အိပ်လိုက်သောကြောင့် ဖြစ်ပါ၏။ ည ၈ နာရီလောက်က အိပ်ပျော်သွားတာ။ ည ၁၀ နာရီခွဲမှ နိုးတော့၏။ ထို့ကြောင့် ပြန် အိပ်မရခြင်း ဖြစ်ပါ၏။
မိုးက အခုတဖျောက်ဖျောက် ရွာနေတာဗျို့။
!LOLZ
!MEME
ဒီမှာတော့ တအုန်းအုန်းနဲ့ရွာ။
Credit: lolzbot
Earn Crypto for your Memes @ HiveMe.me!
မုန်တိုင်း ရှိတယ်ထင်တယ် !PIZZA
$PIZZA slices delivered:
@phyowinkoko7(7/10) tipped @donjaun
Come get MOONed!