
ပြောပါတယ်။ နိုင်တလှည့် ရှုံးတလှည့်ပါဆို။ ခုက မရှုံး ပေမယ့် သရေကျ၏။ အိမ်ကွင်းကြီးမှာလေ။ ပြီးခဲ့သော Everton နဲ့ အိမ်ကွင်းပွဲတုန်းကလည်း တယောက်အသာနဲ့ကို ရှုံးခဲ့သေး၏။ တန်းဆင်းဇုန်ထဲ ရောက်နေသည့် အသင်းကို အိမ်ကွင်းမှာ သရေကျသတဲ့လား။
ယခုပွဲကိုတော့ မကြည့်ဖြစ်ပေ။ မကြည့် ဖြစ်တာလည်း တမျိုးကောင်းပါ၏။ ကြည့်မိရင် စိတ်ဆင်းရဲနေရဦးမှာ။ ပြီးခဲ့သော အိမ်ကွင်းပွဲ (Everton) တုန်းက တရေးနိုးချိန်နဲ့ သွားတိုင်နေလို့ ကြည့်လိုက်မိတာ စိတ်ကို ပျက်သွားရော။ ဒီနေ့လည်း နိုး၏။ ကံကောင်းချင်တော့ မနက် ၂ နာရီမဟုတ်ဘဲ မနက် ၅ နာရီကျော်လောက် ဖြစ်၏။ Result သွားကြည့်လိုက်တော့ 1-1 တဲ့။

Facebook သွားပြီး United Show က တင်ထားသည့် ပိုစ့်တွေ လိုက်ဖတ်ကြည့်ရုံနဲ့ United ဘယ်လို ကစားသွားလည်း သိလိုက်ပြီ။ ကိုမင်းမင်းထွန်းကတော့ Amorim ကို ထုတ်ပယ် ထွက်စေ ချင်နေပြီ ဖြစ်၏။ ကျနော်လည်း ထို့အတူပင်။ တချို့ကတော့ Sir Alex တုန်းကတောင် အသင်းက စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးခဲ့တာမို့ Amorim ကိုလည်း အချိန်ပေးသင့်ကြောင်း ပြောနေကြ၏။
အခြေအနေချင်း၊ လူချင်းမှ မတူဘဲ ဟိုက Sir Alex ဖြစ်လာမယ့် နည်းပြ Amorim က ဘာဖြစ်လို့ ဖြစ်ချင်နေမှန်းကို မသိပေ။ EPL တခုထဲ အာရုံစိုက်စရာ ရှိတာကို ဘာတွေများ ဖြစ်နေခဲ့သည် မသိ။ သူ့ကို အချိန် ထပ်ပေးရင် အသင်းက ခုထက် ပိုဆိုးလာမည် ထင်၏။ နည်းပြက plan မရှိ ကစားသမားတွေက ဝတ်ကျေတမ်းကျေလောက်ပဲ ကစားနဲ့ ဟုတ်နေရော။ United DNA လုံးဝကို မတွေ့ မရှိနေတော့ပေ။
အနိုင်ကစားပြီး အဆင့် 5 နေရာထိ တက်လှမ်း နိုင်ရမယ့်ဟာကို သရေတမှတ်သာ ရယူပြီး အဆင့် 8 နေရာမှာ ရပ်တည်နေ၏။ Liverpool ကို အတော်လေး ချစ်သည့် United ပင်။ အလှမ်းမဝေး အထက်အောက်လေး နေရမှ နေပျော်တယ် ထင်ပါရဲ့။ အမှတ်တူ ဂိုးကွာခြားချက်နဲ့ Liverpool က အဆင့် 9 နေရာမှာ ရပ်တည်နေ၏။
(photos from Premier League)