Hive အနာဂတ်နှင့် ChatGPT

in HIVE-MYANMAR3 days ago

တစ်နေ့ တစ်နေ့ စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်နဲ့
အချိန်တွေကုန်နေသည်။ အိပ်ရင်း၊ စာရင်းနဲ့
သေမင်းကိုစောင့်နေရသည်။ အိပ်ရင်း၊ စားရင်း၊
သေမင်းစောင့်ရင်းနဲ့ ပျင်းလာသဖြင့် ChatGPT
ကို ကလိမိသည်။ ဘာမေးရမလဲဟု စဉ်းစားရသည်။
မေးမြန်းစရာရှိသော်လည်း တခါတရံ မေးဖို့အတွက်
မေးစရာက မရှိဖြစ်နေတတ်သည်။

နောက်တော့ ကိုယ်တွေရဲ့ အချစ်တော် Hive
အကြောင်း မေးရသည်။ Hive အကြောင်း မေး
ရအောင်ကလည်း ကိုယ်တွေက Steemit မှ
သည် Hive ထိ လိုက်ပါခဲ့သူဖြစ်၍ အထွေအထူး
မေးစရာမလိုပေ။ သို့ပေသိ ကိုယ်သိချင်တာက
Hive ဈေးအတက်၊ အကျကို သိချင်သည်။
ယခုတလစာအတွက် Hive ဈေး အခြေအနေကို
ဖော်ပြပေးပါဆိုတော့ ပုံပါအတိုင်း တစ်ရက်အတွက်
သာဖော်ပြထားသည်။

တပတ်စာအတွက် အိတ်ချိန်းမှာ ကြည့်၍လည်း
ရပေသည်။ သို့ပေသိ မေးစရာမရှိ ရှာကြံမေးမိသည်။
ကိုယ်တွေရဲ့ Hive သည်က စိမ်းလိုက်၊ နီလိုက်ဖြင့်
အနိမ့်အမြင့်၊ အတက်အကျ လှိုင်းစီးနေသည်။
ယခုလို စိမ်းနီ တက်ကျ ဖြစ်နေသည်ကလည်း
ကောင်းဖို့ဖြစ်ပေမည်။ သို့မှ ကိုယ်တွေရဲ့ Hive
ကို အိတ်ချိန်းမှာ လူပိုသိပြီး သတိထားမိလေမလားပေါ့။
မှန်ပေသည် ငြိမ်နေသည်နှင့် စာပါလျှင် လှုပ်ရှား
နေသည်က ပိုကောင်းမည်ဟု ထင်ပါသည်။

သို့နှင် ChatGPT ကို နောက်တဆင့်တက်၍
လာမည့် အနာဂတ်တွင် Hive ဈေး အတက်အကျ
ကို ခန့်မှန်းခိုင်းသည်။ အလိုလေး သူကလည်း
ရွှီးချက် နောက်ငါးနှစ်နေမှ သုံးဒေါ်လာ ဖြစ်မတဲ့။
အဲ့သလောက်တော့ မစောင့်နိုင်ပေါင်။ နှစ်ကုန်
လောက်ဆို ဟုတ်သေး။ ချက်ဂျီပီတီရယ်
ပလီလွန်လှသကွယ် ဟုသာ ဆိုချင်ပါတော့သည်။

လူ့ လောဘပြောပါတယ် မေးလည်း မေးသေး။
ဖြေလည်း ဖြေရသေး။ ပလီသလေး ဘာလေးနဲ့။
သူရို့အကြိုက် မဟုတ်တော့ ရန်တွေ့တယ်။
မေးလို့ ဖြေးရတာလေ။ နင်တို့ရဲ့ Hive ‌ဈေး
တက်တက်ကျကျ ငါနဲ့မဆိုင်ပေါင်။ လာလာချည်သေး။
ချက်ဂျီပီတီ ရယ်သာ ရန်ပြန်တွေ့တတ်ပါရင်
အဲ့သလိုများ ပြောလေမလား။

@htwegyi
November 8, 2025

Sort:  

Sending ecency curation vote