မနက်ဖန် ဒုတိယပိုင်း ရွေးကောက်ပွဲကျင်းပမည်။
ရွေးကောက်ပွဲကျင်းပမည်ဆိုသဖြင့် မနက်ဖန်မှာ
ဈေးပိတ်သည်ဟု ဈေးသည်များက ပြောသည်။
အကြော်ရောင်းသူ အမျိုးသမီးကြီးက သူဈေးရောင်း
ခဲ့စဉ် နှစ် နှစ်ဆယ်ကျော်ကာလတလျှောက် ဈေးပိတ်သည်မှာ
မရှိခဲ့ဘူးပေ။ ယခုမှ ဈေးပိတ်သည်ဟု
ကြားသိရခြင်းဖြစ်သည်ဟု ပြောသည်။ ဈေးက
မနက်ခင်းပိုင်းသာ ရောင်းချသည့်ဈေးဖြစ်သည်။
မနက်ဆယ့်တစ်နာရီဆိုပါလျှင် ဈေးသည်များက
ဆိုင်သိမ်းပြီး၍ ပြန်ကြရန် အသင့်ဖြစ် နေသည်။
မနက်ဖန် ဈေးပိတ်မည်ဖြစ်၍ ယနေ့အတွက်နှင့်
မနက်ဖန်အတွက် ဈေးဝယ်ကြရသည်။ မနက်ဖန်မှ
ရွေးကောက်ပွဲပြုလုပ်မည်ကို ယနေ့ကတည်းက
ရွေးကောက်ပွဲပြုလုပ်မည့် နေရာများ၏ အနီး
ပတ်ဝန်းကျင်ရှိ လမ်းများ၊ ဈေးဆိုင်များကို ပိတ်သိမ်း
ခိုင်းထားသည်။ ထိုဈေးပတ်ဝန်းကျင်ရှိ ရပ်ကွက်မှ
ပျူနှင့် ဇိုးများသည် အခြားရပ်ကွက်က လူများထက်
စွာတေလန်းကြသည်။ ထိုကြောင့် မနက်ဖန်မှ
ကျင်းပမည့် ပွဲကို ယနေ့ကတည်းက ဟန်ရေးပြ
နေကြသည်။

ယနေ့ဈေးသွားရာလမ်းတလျှောက်ရှိ လမ်းမမှာရှိသော
ဈေးဆိုင်များကို ပိတ်သိမ်းခိုင်းထားသည်။
ဈေးသွားရာ လမ်းတလျှောက်မှာ ယမကာရောင်းချ
သော ဆိုင်နှစ်ဆိုင်ရှိသည်။ တဆိုင်က ထိုဆိုင်မှာ
ထိုင်၍ သောက်နိုင်သည်။ ဈေးသို့ သွားစဉ် ထို
ယမကာဆိုင်ကို သတိထားမိသည်။ မနက်ပိုင်းကို
ဆိုင်ကယ်များဖြင့် စည်ကားနေလေ့ရှိသည်။
ည ရေချိန်လွန်သည်ကို မနက်ပိုင်းအတွက်
ပြန်ဖြေနေကြသူက အများသာပေ။

နောက်ထပ် ယမကာဆိုင်က စတိုးဆိုင်ပုံစံဖြစ်သည်။
အရက်၊ ဘီယာနှင့် ဆေးလိပ်များ အချိုရည်များ
ရောင်းချသည်။ ထိုဆိုင်က ပုလင်းများကိုသာ
ရောင်းချသည် ဆိုင်မှာ ထိုင်သောက်၍ မရပေ။
ထိုင်ယမကာရောင်းဆိုင်သည် မနက်ပိုင်းမှာ
နံက်မင်္ဂလာ တေးသီချင်းများဖွင့်တတ်သဖြင့်
သတိထားမိသည်။ သို့ပေသိ ထိုဆိုင်ကို
ကြည့်မြင်ရသည့် မြင်ကွင်းက မကောင်းပေ။
အဘယ်ကြောင့်ဆိုသော် ထိုယမကာရောင်းသည့်
ဆိုင်မှာ ကိုရင်ပေါက်စလေးများကို တရုန်းရုန်းဖြင့်
တွေ့ရသည်။

ကိုရင်ပေါက်စများ က ထိုဆိုင်မှာ နားခိုကြသည်။
အော် ဆိုင်ရှင်က ရေပူ၊ ရေအေးဆပ်ကပ် လှူဒါန်း၍
နားခိုကြသည်ဟု ထင်မိသည်။ သတိထားကြည့်မိ
ပါမှ ကိုရင်ပေါက်စများက ထိုဆိုင်မှ အချိုရည်နှင့်
စီကရက်များကို ဝယ်ယူ၍ သောက်သုံးကြခြင်းဖြစ်သည်။
အရွယ်မရောက်သေးသော ကိုရင်ငယ်
များ ဆေးလိပ်သောက်သည်ကို မြင်ရသည်မှာ
စိတ်မချမ်းမြေ့စရာဖြစ်ရသည်။ ယမကာ ဆိုင်
နှစ်ဆိုင်ပြီသော် အိမ်ဆောက်ပစ္စည်းဆိုင်နှင့်
ဖုန်းရောင်းဝယ်သော ဆိုင်ကို တွေ့ရသည်။

ထိုဆိုင်များမှ လွန်သော် လက်ဘက်ရည်ဆိုင်ကို
ရောက်သည်။ လက်ဘက်ရည်ဆိုင်ကို ကျော်ဖြတ်
ခဲ့ပြီမှ ဈေးသို့ရောက်သည်။ ဈေးအရှ့ထိပ်၊ အနောက်ထိပ်
များမှာ ဓမ္မာရုံများရှိသည်။ ဈေးအရှေ့ထိပ်
ဓမ္မာရုံက မဲရုံပြုလုပ်သည်။ ဈေး အနောက်တောင်ဖက်ရှိ
ကျောင်းက မဲရုံပြုလုပ်သည်။ ဈေးအနောက်
ဘက် နှစ်ပြကျော် ဓမ္မာရုံမှာလည်း မဲရုံပြုလုပ်သည်။
မဲရုံစောင့်များက ဇိုးနှင့် ပျူများဖြစ်သည်။ ထိုအထဲ
တွင် အမျိုးသမီး အချို့ကိုလည်း မြင်တွေ့ရသည်။
မနက်ဖန်မှ ပွဲကို ယနေ့ကတည်းက စွမ်းစွမ်းတမံ
ပြုမူနေသည်ကို မြင်ရတဲ့အတွက် ကြက်တူးရွေးက
တော်တော် မယ်ဘော်တွေ တော်တော်ကဲဟုသာ
မှတ်ချက်ပြုမိသည်။
@htwegyi
January 10, 2026
ကဲနိုင်တုန်း ကဲထားကြပေါ့။
!LOLZ
!MEME
ဟုတ်သဗျို့။